တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ အောက်တိုဘာ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာမ ခင်စောတင့်ရေးသားထားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။


ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယကဦးမြသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။


ဆက်လက်၍  စာဖတ်ဝိုင်းအားကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယကဦးမြသိန်းက “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ပါအကြောင်းအရာများကို ဦး‌ဆောင်ဆွေးနွေးပြီး(Book Club)ဥက္ကဋ္ဌ မောင်ယဥ်ထွေး(တက္ကသိုလ်)က “ထိုတစ်ည” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးချစ်ကိုကိုက “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ပန်းချီစိုးမြင့်လေး(တောင်ငူ)က “လမ်းလျှောက်ထွက်ကြမယ်” ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ အဖွဲ့ဝင်ဦးသန့်ဇင်က “သမီးသိပ်ကံကောင်းတယ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Women Club မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အိအိထွန်း၊ “ဝင်ရောက်စွက်ဖက်တဲ့အမေ့ရဲ့ဝန်ခံချက်” စသည့်ခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက  ၎င်းတို့၏ အတွေးအမြင်များကို  အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် Book Club နာယကဦးမြသိန်းက ခြုံငုံသုံးသပ်ဆွေးနွေးသည်။


တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၁/၂၀၂၃)လတွင် အမျိုးသားစာပေဆုရ စာရေးဆရာရွှေဒါးမောင်မြင့်ထွန်း၏ “စာဖတ်ခြင်းအနုပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)