MNP ၊ အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဖြိုးသူမောင်က အဖွင့်အမှာစကားနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားပြီး သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာနှင့် စုပေါင်းလှူဒါန်းနိုင်ရေးနှင့်သံဃာတော်များအား စနစ်တကျလောင်းလှူနိုင်ရေး၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက သတ်မှတ်နေရာအသီးသီးမှစုပေါင်းလောင်းလှူနိုင်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းပြောကြားသည်။ ဆက်လက်၍ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သက်ဆိုင်ရာရည်ရွယ်ချက် ရည်မှန်းချက်တွေနဲ့ ထိရောက်သည့်လုပ်ငန်းများဖြစ်ဖို့လိုအပ်ကြောင်း၊ လယ်ယာမြေများ ပလပ်မြေများမရှိစေရေးကြပ်မတ်ဆောင်ရွက်ရေး၊ ဆောင်ရွက်ရန်ရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment