နတ်မောက်မြို့နယ် ပိတောက်ငုတ်ကျေးရွာတွင် ကျွဲ၊ နွားတိရစ္ဆာန်များအား ခွာနာ၊လျှာနာရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ပိတောက်ငုတ်ကျေးရွာတွင် ကျွဲ၊ နွားတိရစ္ဆာန်များအား ခွာနာ၊လျှာနာရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေး



MNP ၊ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(ငွေလုံးငွေရင်း)ဖြင့် ထုတ်ယူရရှိသော ကျွဲ၊နွား တိရစ္ဆာန်များအား ခွာနာ၊ လျှာနာ‌ရော‌ဂါကာကွယ်ဆေးကို အောက်တိုဘာ ၂၄ရက်နေ့ နံနက်ပိုင်းက ပိတောက်ငုတ်ကျေးရွာတွင် အခမဲ့ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။


အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းသို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာခင်ခင်ပြည့်နှင့် ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မွေးမြူရေးလုပ်ကိုင်ကြသည့် တောင်သူများ၏ ကျွဲ  ၊နွား တိရစ္ဆာန်များ ခွာနာ၊ လျှာနာရောဂါကာကွယ်နိုင်ရေးအတွက် FMDကာကွယ်ဆေးကို ပိတောက်ငုတ်ကျေးရွာနွား(၃၅၀)ကောင်အား အခမဲ့ထိုးနှံပေးခဲ့သည်။ 


ခွာနာ၊လျှာနာရောဂါအမျိုးအစားမှာ ကျွဲ၊နွားတိရစ္ဆာန်များအတွက် ကူးစက်ရောဂါအမျိုးအစားဖြစ်ပြီး ရောဂါဖြစ်ပွားမှုအချိန်တွင် အစာရေစာစားသောက်မှုမရှိခြင်း၊ ငယ်ရွယ်သောကျွဲ၊ နွား  တိရစ္ဆာန်ဖြစ်ပါက သေဆုံးနိုင်ချေရှိသော ရောဂါအမျိုးအစားဖြစ်သည့်အတွက် မွေးမြူသူများအနေဖြင့် အထူးသတိပြုရမည်ဖြစ်သောကြောင့် ယခုကဲ့သို့ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်းဖြင့် မွေးမြူသူများအတွက် အထိရောက်ဆုံးကာကွယ်ပေးခြင်းသာမက ဆုံးရုံးနစ်နာမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူးထံမှ သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)