နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာအုပ်စု၌ သတ်မှတ်အသက်ပြည့်မှီသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာအုပ်စု၌ သတ်မှတ်အသက်ပြည့်မှီသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး



MNP ၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး  (၁၂) နှစ်ထက် မကျော်သောအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ၂၄ရက်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသဖြစ်သော မာန်အောင်ကျေးရွာအုပ်စု ကျေးရွာဘက်စုံသုံးခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အဖြစ်အများဆုံးရောဂါဖြစ်ပြီး အမျိုးသမီးများဦးရေ(၁)သိန်းဦးလျှင် (၁)ဦးနှုန်း ဖြစ်ပွားလျက်ရှိသည်။ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP) ထိုးနှံရန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်အောက်အတွင်းရှိသူ (၁.၉.၂၀၁၁) ရက်နေ့မှ (၃၁.၈.၂၀၁၄) ရက်နေ့အတွင်းမွေးဖွားသည့် မိန်းကလေးငယ်များအား ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကာကွယ်ဆေးထိုးနှံပြီး ကြို တင်ကာကွယ်နိုင်သောရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းမရှိဘဲ ရောဂါဖြစ်ပွားပြီးမှ ဆေးကုသလျှင် ရောဂါဖြစ်ပွားမှု၏ အဆင့်အလိုက်ပေါ်၌ ရောဂါပျောက်ကင်းရန် ရာခိုင်နှုန်းနည်းပါးနိုင်ကြောင်း နမ့်ခမ်းမြို့နယ် ကျန်းမာရေးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးစိုင်းလှတင်ထံမှ သိရှိရပါသည်။


ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရာတွင် နမ့်ခမ်းမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်ထက်မကျော်သော အမျိုးသမီးငယ်များအား မွေးစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးပြီးနောက် သားအိမ် ခေါင်းကင်ဆာကာကွယ်ဆေး(HPV)အား မာန်အောင်ကျေးရွာအုပ်စု၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂)နှစ်အောက်အတွင်းရှိသူ အမျိုးသမီးငယ်(၅၈)ဦးအား စနစ်တကျထိုးနှံပေးခဲ့ကြောင်းနှင့် နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသတစ်ကျောလုံးရှိ ကျေးရွာအုပ်စုများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)