ဂန့်ဂေါမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဦးဇဋိလ၏ မွေးနေ့ပူဇော်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဦးဇဋိလ၏ မွေးနေ့ပူဇော်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိ




MNP ၊ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဦးဇဋိလ၏ သက်တော်(၇၆)နှစ်ပြည့်မွေးနေ့ပူဇော်ပွဲကို အောက်တိုဘာ၂၆ (သီတင်းကျွတ်လဆန်း ၁၂ ရက်)နေ့တွင် မြောက်ကုန်းရပ်ကွက် ရှေးဟောင်းသမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ရန် ပူဇော်ပွဲကျင်းပရေးကော်မတီနှင့် ဒါယကာ၊ ဒါယိကာမများတို့က စီစဉ်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါမွေးနေ့ပူဇော်ပွဲတွင် အကြိုနေ့အမီကြွရောက်တော်မူလာကြမည့် ဆရာတော်၊  သံဃာတော် (၁၅၀) ပါးကို ၁ပါးလျှင် လှူဖွယ်ဝတ္ထု (၃)သောင်းကျပ်နှင့် အာရုံဆွမ်းဆက်ကပ်လှူဒါန်းမှာဖြစ်ပြီး ပူဇော်ကျင်းပသည့်နေ့တွင်မူ ကြွရောက်တော်မူလာကြမည့် ဆရာတော်၊ သံဃာတော် (၂၀၀)ပါး တို့ကို ၁ ပါးလျှင် ငွေကျပ်တစ်သိန်းကျပ်တန်ဖိုးရှိ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကြမည်ဖြစ်ကာ နေ့ဆွမ်းဆက်ကပ်မည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် စာအောင်သံဃာတော် (၃၀ )ပါးတို့အား စာစောင်ပူစာ စုစုပေါင်းငွေကျပ် (၁၀၄)သိန်း ချီးမြှင့်ဆက်ကပ်မည်ဖြစ်ရာ စာအောင်သံဃာတော်များအနက် ကြွရောက်တော်မူရန် လွယ်ကူသည့်ဂန့်ဂေါမြို့နယ်မှ သံဃာတော်(၂၇)ပါးတို့အတွက် ပူဇော်ပွဲတွင် ဆက်ကပ်မည်ဖြစ်၍ ကြွရောက်တော် မူရန်မလွယ်ကူသည့် စာအောင်သံဃာတော်(၃)ပါးတို့အား အဝေးရောက်ဆုများ ဆက်ကပ်မည်ဖြစ်ကြောင်း သိရသည်။


မွေးနေ့ပူဇော်ပွဲသို့ ဧည့်ပရိသတ်(၅၀၀၀)ခန့်ကို ပင့်ဖိတ်ထားကာ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်(၇)နာရီမှ ၁၂ နာရီထိ ထမင်း၊ နေ့ခင်း ၁၂ နာရီမှ ညနေ ၆ နာရီအထိ မုန့်ဟင်းခါးတို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။


ထင်အောင်နိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)