MNP ၊ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ (၃၂)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲကို အောက်တိုဘာ ၂၅ရက်နေ့ (၁၂:၃၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလှူရှင်များမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကို ဆွမ်းကပ်ခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးခဲ့ကြပြီး နောက်ကြွရောက်လာသော သံဃာတော်၊ အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့မှ နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ ပိတ်ပွဲအခမ်းအနား စတင်၍ ဆရာတော် ဘဒ္ဒန္တအရှင်ဝါယာမထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ကြွရောက်တော် မူကြကုန်သော ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ် အပေါင်းတို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း ထို့နောက် ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ် အပေါင်းအား မိုင်းတုံအခြေချ စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး ထင်ကျော်နှင့် စေတနာရှင်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော် ဘဒ္ဒန္တအရှင်ဝါယာမမှ ရှမ်း/ဗမာ နှစ်ဘာသာဖြင့် ပဠာန်းရွတ်ဖတ်ရခြင်း အကျိုးနှင့်ပတ်သတ်၍ တရားပေးပြီးနောက် လှူဖွယ်ပစ္စည်း အစုစုအတွက် ရေစက်သွန်းချ သာဓုအနုမောဒနာ တရားတော်များ ချီမြှင့်ခြင်း ဩကာသကန်တော့ခန်း ပြန်လည်ကန်တော့ခြင်း ကြွရောက်လာသော ဆရာတော်၊ သံဃာတော်၊ အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ “ဗုဒ္ဒသာသနံစိရံတိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment