မင်းဘူးမြို့၌ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ


MNP ၊ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ရွာသာကျေးရွာတွင် ဝက်များကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူ ကိုထွန်းထံမှ သိရသည်။


ဝက်များသည် သားပေါက်သည့်အခါ ဝက်သားအုပ်မ တစ်ကောင်လျှင် သား (၇) ကောင်မှ (၁၄) ကောင်အထိ ပေါက်ပွါးလျက်ရှိပြီး တစ်လခွဲနှင့် နှစ်လသားအရွယ်များတွင် စတင်ရောင်းချနိုင်ကာ ဝက်သားပေါက်တစ်ကောင်လျှင် ကြီးထွားမှု အရွယ်အစားအလိုက် ငွေကျပ် ၁၂၀၀၀၀ မှ ၁၅၀၀၀၀ အထိ ဈေးကောင်းရရှိကြသည်။ ဝက်သားပေါက်များကို အသက်အရွယ်အလိုက် သံဓာတ်အားတိုးဆေး၊ ဝမ်းကျကာကွယ်ဆေးများ ထိုးပေးခြင်း၊ သင်းကွပ်ခြင်း၊ အစာစားတတ်စေရန် လေ့ကျင့်ပေးခြင်းတို့ကို မွေးကင်းစမှ စတင်ကာ စနစ်တကျပျိုးထောင်ပေးပြီး၊ တစ်လခွဲသားအရွယ် (သို့) နှစ်လအရွယ်များတွင် စတင်ရောင်းချလျက်ရှိကြသည်။


မင်းဘူး(စကု)မြို့နယ်မှ ကျေးလက်နေပြည်သူများသည် လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိကြပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြက်၊ ဝက်၊ သိုး၊ ဆိတ်နှင့် နွားများကို မွေးမြူခြင်းဖြင့် အပိုဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေကြသလို ၎င်းတိရိစ္ဆာန်တို့၏ချေးများကိုလည်း အဖိုးတန်သော သဘာဝမြေဩဇာများအဖြစ် လယ်၊ ယာ၊ ကိုင်းကျွန်းများတွင် အသုံးပြုလျက်ရှိကြကြောင်း သိရသည်။


ဇေယျာထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)