MNP ၊ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉) နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားပါသည်။ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်၍ စီမံကိန်းရန်ပုံငွေသိန်း (၃၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ပေးအပ်ရာ ထမင်းပေါင်းကျေးရွာ မြစိမ်းရောင်အစုဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ထမင်းပေါင်းကျေးရွာ မြစိမ်းရောင်စီမံကိန်း အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ရွာငံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို ၂၀၁၄ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာ ၂၀၂၄ အထိ တစ်ယူနစ်လျှင် သိန်း(၃၀၀)ကျပ်ဖြင့် ယူနစ်ပေါင်း (၅၆)ယူနစ်မှ ကျေးရွာပေါင်း (၅၉) ရွာရရှိခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ တွင် ကျောက်ပုံကျေးရွာအုပ်စု ၊ ထမင်းပေါင်းကျေးရွာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment