MNP ၊ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ၂၄ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က မြို့နယ်အမျိုးသမီး ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် ကော်မတီ (၁၃)ဦးဖြင့် ဖွဲ့စည်းခြင်း၊ အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန်(၇)ချက်အကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်ခင်ဖြူဝင်း (ဒု-ဦးစီးမှူး) က မြို့နယ်အမျိုးသမီးကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက် သွားရန်၊ ခရိုင်အမျိုးသမီးကော်မတီမှ ချမှတ်ထားသော လုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရန်စသည့်အကြောင်းအရာများကို အကျယ်တဝန်းရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များ တက်ရောက်ဆွေး ဆွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment