ကျောက်ဖြူမြို့တွင် (၁၅) ကြိမ်မြောက်၊ မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် (၁၅) ကြိမ်မြောက်၊ မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်








MNP ၊ အောက်တိုဘာ  ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြို့နယ်ပညာရေးမိသားစုမှကြီးမှူးကျင်းပသည့် (၁၅) ကြိမ် မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူး ရုံးရှိ ကုမုဒြာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ရုံးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီး နှင့် ဆရာဆရာမများ၊ ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ ဆရာမများမှ မြတ်ဆရာ သီချင်းအား သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး ဖျော်ဖြေရေးအဖွဲ့မှ ဆရာဂုဏ်ကိုဖော်ကျူးသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြကာ ခရိုင်ပညာရေးမှူးမှ ကီးဘုတ်တီး၍ ဂုဏ်ပြုတေးသီချင်းတစ်ပုဒ်ဖြင့် သီဆိုကန်တော့သည်။ ထို့နောက်      ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့( World Teacher Day )၏ ဆောင်ပုဒ် မှာ "ပညာရေးကိုမြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့" ဖြစ်ကြောင်း၊ ယခုဆောင်ပုဒ်အရ ဆရာ၊ ဆရာမ များကို ကမ္ဘာမှတန်ဖိုးထားမှုအား ဖော်ကျူးဂုဏ်ပြုထားသည့် ဆောင်ပုဒ်ဖြစ်ပြီး ကမ္ဘာ့နေမဝင်ပညာရေး သမားများဟုလည်း တင်စားခေါ်ဝေါ်ကြပါကြောင်းနှင့် မြတ်ဆရာပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးညီလင်းထွန်းမှ  မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်းဖြင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ဆရာမများက ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများကိုယ်စား မြို့နယ်ပညာရေးမှူး(အငြိမ်းစား)ဆရာမကြီး ဒေါ်တင်တင်အုန်းမှ  ဆုံးမဩဝါဒ စကား ပြောကြားသည်။


ကျောက်ဖြူမြို့နယ်၌ (၁၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၁၇၈) ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ၁၇၈ သိန်း အား ကန့်တော့သွားမည်ဖြစ်ကာ ကန်တော့ခံမလာရောက်နိုင်သည့် ဆရာကြီး၊ ဆရာမကြီးတို့ကို ၎င်းတို့၏ နေအိမ်များသို့အရောက် သွားရောက်ကန့်တော့သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)