MNP ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့ နံနက် ပိုင်းကစ၍ မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အငြိမ်းစားဝန်ထမ်း (၁၆၆၀)ဦး ရှိပြီး အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်၍လကုန်ရက် အထိ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာ ငွေများကို ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင် လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ် ယူနိုင်ရန် မြန်မာ့စီးပွားရေး ဘဏ်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်းမရှိသော အငြိမ်း စားဝန်ထမ်းများကို လစဉ်လဆန်းရက် ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန်တွင် ပင်စင်လစာများကို ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment