ငပုတောမြို့နယ်တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက် ဆန်နှင့် စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက် ဆန်နှင့် စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး


MNP ၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့် ဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ယင်းမာလမ်း၌ ရောင်းချပေးခဲ့သည်။


ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန် လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ခရိုင်ဆီကုန်သည်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လက်လီရောင်းချပေးလျက်ရှိရာ ငပုတော​မြို့အတွင်းရှိ ပြည်သူများကို တစ်ဦးလျှင် ဆန်(၁)ပြည် (၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်(၁၂)အိတ်၊ စားသုံးဆီ တစ်ပိဿာ(၅၂၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၅၅၀)နှင့် စနစ်တကျတန်းစီပြီး လက်လီရောင်းချပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)