MNP ၊ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်နို င်ငံ့ဝန်ထမ်း(အငြိမ်းစား)များနှင့် အဖိုး/အဖွားများ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ စမ်းသပ်စစ်ဆေးပေးရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာ ၁၈ ရက်နေ့က စတင်၍ အပတ်စဥ် (ဗုဒ္ဓဟူးနေ့) တိုင်း မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ သံဃာဆောင်ဆောင်၌ နံနက်၉နာရီမှ၁၂နာရီအထိ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment