ငဖဲမြို့နယ်၌ အယ်လ်နီညိုရာသီဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ အယ်လ်နီညိုရာသီဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ


MNP ၊ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အယ်လ်နီညိုရာသီဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုလျော့ချနိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပေါင်းကလေးကျေးရွာအုပ်စု အောင်ပင်လယ်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးက အယ်လ်နီညိုရာသီဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေမှုလုပ်ငန်းများအပေါ် သက်ရောက်မှုလျော့ပါးစေရန်၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပါက ထိခိုက်မှုသက်သာစေရန်နှင့် ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကို အဖွင့်အမှာစကား  အသိပညာပေးပြောကြားသည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက အယ်လ်နီညိုရာသီဉတုကြောင့် ဖြစ်ပေါ်နိုင်သည့် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများဖြစ်သည့် ရေခမ်းခြောက်ခြင်း၊ ရေရှားပါး ခြင်းများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးရေများကြိုတင်သိုလှောင်ရေး၊ ရေကို အလဟဿမဖြစ်စေဘဲ အလေအလွင့်နည်းပါးစွာနှင့် အကျိုးထိရောက်စွာသုံးစွဲကြရန်နှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းမြင့်ကြည် က ရေအရင်းအမြစ်များကြိုတင်ရှာဖွေနိုင်ရေး၊ ရေလိုအပ်ချက်နည်းပါးသည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောသည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက တက်ရောက်လာကြသော ဒေသခံတောင်သူများအား အယ်လ်နီညိုရာသီဉတုအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။    


မယု

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)