အလိုတော်ပြည့်ဘုရားရင်ပြင်တော်ပေါ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလိုတော်ပြည့်ဘုရားရင်ပြင်တော်ပေါ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူ




MNP ၊ အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အလိုတော်ပြည့်ဘုရား ရင်ပြင်တော်ပေါ်တွင် ညောင်ဦးမြို့၊ ပုဂံမြို့အတွင်းရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေး (၁၅၀၀)ပါးတို့ကို အောက်တိုဘာ ၂၉ ရက်၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆွမ်းဆန်တော်နှင့် ဆေးပစ္စည်းတို့အား လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းကို မြန်နန်းဘုံ ဟိုတယ်နှင့် လိုတပြည့်စုံ ကုသိုလ်တော်အဖွဲ့တို့မှ ဦးဆောင်ကာ မြန်မာပြည်အရပ်ရပ်မှ (၇)ရက်သားသမီးများ စုပေါင်း၍ သံဃာတော် အရှင်သူမြတ် တစ်ပါးလျှင် ဆွမ်းဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ဆားနှင့် ဆေးတို့အား လောင်းလှူခြင်း၊ သီလရှင် ဆရာကြီး၊ ဆရာလေး တစ်ပါးလျှင် ဆွမ်းဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ဆားနှင့် ဆေးတို့အား လောင်းလှူ ပူဇော်ခဲ့ကြောင်း သိရပြီး သံဃာတော် အရှင်သူမြတ်များ၊ သီလရှင် ဆရာကြီး/ဆရာလေး အပါး (၁၅၀၀)တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)