MNP ၊ အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သကျမဟာသီရိမြတ်စွားဘုရားကြီး၏ (၁၀၉)ကြိမ်မြောက် သီတင်းကျွတ်မီးထွန်းပွဲနှင့်ရွှေ သင်္ကန်းကပ်လှူပူဇော်ပွဲတွင် မြတ်စွာဘုရားရှင် မြို့တွင်းသို့ ဒေသစာရီကြွချီ အပူဇော်ခံပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအပူဇော်ခံပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ဘုရားကြီးဂေါပကအဖွဲ့ဝင်များနှင့် ဆရာတော်ကြီးများမှ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတောကြီးထံမှ ငါးပါးသီလခံယူစောင့်တည်ခြင်း၊ မြတ်စွာဘုရားရှင် ဒေသစာရီကြွချီခြင်းဆိုင်ရာ ရှစ်ဆယ်ပေါ်တေးထပ်ရွတ်ဆိုပူဇော်ခြင်း၊ မြတ်စွာဘုရားရှင် ရုပ်ပွားတော်အား အရုဏ်တော်ခံတန်ဆောင်းအတွင်း ယာယီအပူဇော်ခံ ကျောင်းတော်ထက်မှ မော်တော်ယာဉ်ရထားပျံကျောင်းဆောင်သို့ ပင့်ဆောင်၍ မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment