လပွတ္တာမြို့နယ်တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်


MNP ၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှုများမဖြစ်ပေါ်စေရေးတို့အတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများတွင်လှည့်လည် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ အနေဖြင့် မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ အမှိုက်များအား မီးရှို့ရှင်းလင်းမည် ဆိုပါကမြို့နယ်မီးသတ်ဦးစီးဌာနသို့ ကြိုတင်အသိပေးအကြောင်းကြားရန်နှင့် စနစ်တကျဆောင်ရွက်ရန်၊ လူနေအိမ်ပတ်ဝန်းကျင်အနီး၌ မီးလောင်လွယ်သည့်အရာများ သိုလှောင် ထားရှိခြင်းမပြုကြရန်၊ အိမ်တိုင်းတွင် တောင့်တင်းခိုင်မာသော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကား အသင့်ထားရှိရန်၊ မီးဖိုအားမီးမလောင်လွယ်သောသွပ်ပြား၊ သံပြား၊ အုတ် စသည်တို့ဖြင့် စနစ်တကျခင်း၍ အသုံးပြုရန်၊ မီးဖိုအသုံးပြုသူတိုင်း လူစောင့်အမြဲရှိရန် နှင့်မီးကြွင်း၊ မီးကျန်များကို စနစ်တကျငြှိမ်းသတ်ရန်၊ မီးဖိုအနီး လောင်စာဆီနှင့် လောင်စာပစ္စည်းများမထားရန်၊ သက်ကြီးရွယ်အိုနှင့်ကလေးများအား မီးကိုအသုံးမပြုစေရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ အသုံးပြုပါက မီးမလောင်လွယ်သော အောက်ခံခွက်များအသုံးပြုရန်၊ နေအိမ် ခြံဝန်းအတွင်း အမှိုက်သရိုက်များရှင်းလင်းထားရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများ၊ ချို့ယွင်းပျက်စီး နေသော လျှပ်စစ်ပစ္စည်းများ၊ အသစ်လဲလှယ်အသုံးပြုရန် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို မြို့နယ်မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံစွာအဆင်သင့် တပ်ဆင်ထား ရှိရန်၊ အနှေးယာဉ်၊ အမြန်ယာဉ်များပေါ်နှင့် လမ်းသွားရင်းဆေးလိပ်မသောက်ရန်စသည့် မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့်ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေးနှိုး ဆော်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)