MNP ၊ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မော်ပီဆရာသိန်းခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီခရိုင် တာဝန်ခံဦးဘိုကြည်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီရုံးအဖွဲ့မှူး ဦးဝင်းသိန်းက စာကြည့်တိုက်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပြောကြားပြီး နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က မြို့နယ်အတွင်း စာကြည့်တိုက်များ အခြေအနေများနှင့် တွေ့ဆုံပွဲပြုလုပ်ရခြင်း၏ အကြောင်းအရာများကို ပြောကြားသည်။
ထို့နောက် မှော်ဘီမြို့နယ်၊ စာကြည့်တိုက်များကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေလင်းက စာကြည့်တိုက်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပြောကြားပြီးနောက် တက်ရောက်လာကြသည့် မှော်ဘီမြို့နယ်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏စာကြည့်တိုက်လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကို ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တင်ပြလာသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီခရိုင်တာဝန်ခံ ဦးဘိုကြည်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီသည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment