MNP ၊ အောက်တိုဘာ ၁၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး ဦးဆောင်၍ တိုင်းကော်မတီဝင်များ၊ လှည်းကူးခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင်နှင့် ခရိုင်/မြို့နယ်ကော်မတီဝင်များ လိုက်ပါလျှက် ယနေ့နံနက် (၀၉ ၃၀)နာရီ က ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသော လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ရှိ အောင်ဇေယျုံကျောင်းတိုက်ဆရာတော်နှင့် အောင်တံခွန်ကျောင်းတိုက်ဆရာတော်တို့အား ဖူးမြှော်ကန်တော့၍ နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်ဇေယျုံကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူ (၁၈၀)ဦး၊ အောင်တံခွန် ကျောင်းတိုက်၌ လူဦးရေ (၈၀)ဦး၊ ကိုရီးယားစင်တာဆဲလ်မာဦး၌ လူဦးရေ ( ၆၀ )ဦး၊ ဆေးရုံကုန်းရပ်ကွက်တွင် ရေဘေးသင့်ပြည်သူ(၁၇၀)ဦးတို့အား ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများ လှုဒါန်းထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင်လည်း ရေဘေးသင့် ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်များအတွင်းရှိ ရေဘေးသင့် ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ဆန်အိမ်များ လိုက်လံလှူဒါန်းခြင်း၊ ထမင်းဗူးများ လိုက်လံဝေငှပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment