မွန်ပြည်နယ် ဝန်ကြီးချုပ် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး အဘိဓမ္မာ (၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး အဘိဓမ္မာ (၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားတက်ရောက်




ကျိုက်မရော အောက်တိုဘာ ၃၁

မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းနှင့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို လှည့်လည်ဖူးမျှော်ခဲ့ကြပြီး ဆုတောင်းပြည့်ဘုရားကြီး ဓမ္မာရုံ၌ကျင်းပပြုလုပ်သော (၃၇)ကြိမ်မြောက် အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက် သြဝါဒစရိယ၊ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဘဒန္တဇောိတက ဓဇအဂ္ဂမဟာ သဒ္ဓမဇောတိကဘဒန္တဝါရီန္ဒ ဆရာတော်ကြီးထံမှ သီလတော်မြတ်နဇင့်တရားတော်များ နာယူကြည်ညိုုခဲ့ကြပြီး ဆရာတော်ကြီးထံ လှူဖွယ်ဝတ္တူများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


 မိချို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)