World Design Assembly တွင် ပါဝင်ပြသသည့် အာဆီယံပြခန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

World Design Assembly တွင် ပါဝင်ပြသသည့် အာဆီယံပြခန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်





MNP ၊ အောက်တိုဘာ ၃၁

အာဆီယံ-ဂျပန် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် (၅၀) ပြည့် အထိမ်း အမှတ်အဖြစ် အာဆီယံ-ဂျပန်စင်တာမှ ကြီးမှူး၍ World Design Assembly ပြပွဲတွင် ပါဝင်ပြသသည့် အာဆီယံပြခန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ Tokyo Midtown ၊ International Design Liaison Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါ ပြခန်းဖွင့်ပွဲအခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံ၊ Minister of Tourism and Creative Economy ၊ Mr. Sandiaga Salahuddin Uno ၊ အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ်   Dr. Kunihiko Hirabayashi ၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ အာဆီယံ-ဂျပန်စင်တာမှ တာဝန်ရှိသူများနှင့်သံရုံးများမှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ ဒီဇိုင်းပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အာဆီယံပြခန်းတွင် အာဆီယံနိုင်ငံများမှ ဒီဇိုင်းထုတ်ကုန်များ ပါဝင်ပြသခဲ့ကြပြီး မြန်မာနိုင်ငံမှ ဒီဇိုင်းထုတ်ကုန်အချို့လည်း ပါဝင်ပြသလျက် ရှိပါသည်။ World Design Assembly ကို World Design Organization မှ ကြီးမှူး၍ ၁၉၅၇ ခုနှစ်မှ စတင်ကာ နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလျက် ရှိပြီး ယခုအကြိမ်သည် ၃၃ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါသည်။ World Design Organization သည် ကနေဒါအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး စတင် တည်ထောင်စဉ်က ဒီဇိုင်းအသင်း ၁၂ သင်းဖြင့် တည်ထောင်ခဲ့ပြီး ယခုအချိန်တွင် နိုင်ငံပေါင်း ၄၀ ကျော်မှ ဒီဇိုင်းအသင်း ၁၇၀ ကျော် အဖွဲ့ဝင်အဖြစ် ပါဝင်လျက် ရှိသည်။  

ယခု ကျင်းပလျက်ရှိသည့် World Design Assembly ကို Design Beyond ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိပြီး တိုကျို၌ ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကာ ၁၉၇၃ ခုနှစ်တွင် ကျိုတို၌ လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် နာဂိုယာ၌လည်းကောင်း ကျင်းပခဲ့ပါသည်။ ပြပွဲကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)