ဒေးဒရဲမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချ


MNP ၊ အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေအဖွဲ့က ပြည်သူများ အသားများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သန့်ရှင်းလက်ဆတ်သော ဝက်သားများကို ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါရောင်းချပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ပြည်သူများအား ဝက်သား အချိန် (၂၀)ပိဿာအား ပြင်ပပေါက်စျေးထက်သက်သာသောနှုန်းဖြစ်သည့် တစ်ပိသာလျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ် ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများက ပြည်သူများဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥများကို ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းများဖြင့် အပတ်စဥ် ရောင်းချပေးလျက်ရှိပြီး အခြေခံစားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်စွာ ရောင်းချပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့များဖြင့် စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)