ပေါင်မြို့နယ်အတွင်းဝါကပ်တော်မူကြသောသံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်အတွင်းဝါကပ်တော်မူကြသောသံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းပြုလုပ်










MNP ၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်အတွင်းဝါကပ်တော်မူကြသောသံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအား  ဆွမ်းဆန်၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း  ကိုယနေ့နံနက်(၈း၃၀)က  ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆိုကန်တော့ပြီးအခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့သည်။ထို့နောက်မြို့နယ်သံဃနာယက ဥက္ကဌ ဘဒ္ဒန္တဏ‌စန္ဒောဘာသ ဘုရားကြီးတိုက်ကျောင်း  ဆရာတော်ထံမှ ပရိသတ်များကငါးပါးသီလခံယူစောင့်တည်ခြင်းနှင့်ဆရာတော်သံဃာတော် အရှင်မြတ်များ ရွတ်ဖတ်အပ်သော   မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကိုနာယူ‌ခဲ့ကြသည်။


ဆက်လက်၍သာသနာရေးဆိုင်ရာကိစ္စများနှင်စပ်လျဉ်း၍  ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်မှ ရှင်းလင်းတင်ပြလျှောက်ထားပြီး သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် မြို့နယ်သံဃနာယက ဥက္ကဌ  ဘဒ္ဒန္တဏ‌စန္ဒောဘာသ ဘုရားကြီးတိုက်ကျောင်း ဆရာတော်မှ တရားအနုမောဒနာ နာကြား၍ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စီရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအခမ်းအနားကိုရုတ်သိမ်းလိုက်သည်။


အဆိုပါဆွမ်းဆန် ၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကိုပေါင်မြို့နယ်အတွင်းရှိ  ဂုဏ်းပေါင်းစုံ (၃၃၁) ကျောင်းမှ ဝါဆို၊ဝါကပ်တော်မူကြသော ရဟန်း (၂၂၁၀)ပါး၊သာမဏေ (၁၀၆၄)ပါး၊ပေါင်း (၃၂၇၄) ပါးနှင့်သီလရှင်ပေါင်း (၂၇)ကျောင်းမှသီလရှင် (၂၃၇)ပါးအတွက် ဆွမ်း၊ကွမ်း ဝေယျာဝစ္စ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ဆီနှင့်လီူဖွယ်ပစ္စည်းများအား ဆရာဒကာစီမံချက်နှင့်အညီ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)