MNP ၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ အသိပညာဗဟိုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့၊ ညနေ(၃)နာရီက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲဆောင်ရွက်ခဲ့သည်။
အဆိုပါနံရံကပ်စာစောင်ပြပွဲတွင် ကလေးအလုပ်သားများဆန့်ကျင်ရာ၌ အလုပ်ရှင် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ဘေးအန္တရာယ်ရှိစေသော ကလေးလုပ်သားများ၊ ကလေးလုပ်သားများ တိုက်ဖျက်ပေးရန် အလုပ်ရှင်အဖွဲ့အစည်းများ၏ အကြောင်းပြချက်များ၊ မြန်မာနိုင်ငံတွင် ပြဌာန်းထားသည့် အလေးအလုပ်သမားပပျောက်ရေးဥပဒေ စည်းမျဉ်း စည်းကမ်းချက်များ၊ အလုပ်ရှင် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ၊ အသက်မပြည့်သည့် ကလေးသူငယ်များအား အတင်းခိုင်းစေသည့် ကလေးလုပ်သားပုံရိပ် စသည်တို့ကို ဝေဝေဆာဆာထည့်သွင်းပြသထားရှိရာ ကျောင်းသား လူငယ်များက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment