MNP ၊ အောက်တိုဘာ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်များမှ တရားဝင်ဗီဇာ (Business Visa) ဖြင့် သွားလာခွင့်ပြုရာတွင် အောက်တိုဘာ ၁ ရက်က မူဆယ် - ရွှေလီ နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်သော နန်းတော်ဂိတ်၌ စတင် ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ နံနက်၆ နာရီခွဲမှစ၍ မြန်မာနိုင်ငံ မူဆယ်ဖက်ခြမ်းတွင် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ဦးစီးကြပ်မတ်၍ နယ်စပ်ဂိတ်လဝက ဒုတိယဌာနခွဲမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုး နှင့် အဖွဲ့ဝင်များက နန်းတော်ဂိတ်တွင် Foreigner Departure နှင့် Foreigner Arrival တို့အပြင် ဧည့်သည်နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာလျှင် စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး နံနက် ၉ နာရီခွဲတွင် တရုတ်နိုင်ငံ ရွှေလီမြို့တော်ဝန် Mr. Shang La Sianနှင့် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မူဆယ်နယ်စပ်ဒေသအာဏာပိုင်များဖြစ်ကြသော မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဟန်ဝင်းဇော်၊ မူဆယ် ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာမှု ပိုမိုလွယ်ကူစေရေးတို့အတွက် တွေ့ဆုံခဲ့ကြကာ နယ်စပ်ဖြတ်သန်းခွင့်တရားဝင်ဗီဇာ(Business Visa)ဖြင့် ဝင်/ထွက်ခြင်းကို စတင်ဖွင့်လှစ်လျက် လိုအပ်သည်များကိုလည်း ဆက်လက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယနေ့ အောက်တိုဘာ ၁ရက်တွင် တရားဝင်ဗီဇာ (Business Visa)ဖြင့် စတင်ဝင်/ထွက်သွားလာနိုင်ပြီဖြစ်၍ တရုတ် နိုင်ငံသား Mr. Wu Chunmingကို အဦးဆုံးကြိုဆိုလက်ခံလျက် လားရှိုး မြို့သို့ ဆက်လက်သွားရောက်ရန် စတင်ဝင်ရောက်ခဲ့ကာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွခရိုင် လဝကဒုတိယညွှန်ကြားရေးမှူးတို့ကလည်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော တရုတ်နိုင်ငံသားအား နွေးထွေးစွာကြိုဆိုခဲ့ကြပြီး သွားလာရေးအဆင်ပြေလွယ်ကူစေရေးအတွက် ယာဉ်နှင့် ဟိုတယ်တည်းခိုရန်တို့ကိုလည်း စီစဉ်ဆောင်ရွက်ပေး ခဲ့ကာ ဆောင်ရန်/ ရှောင်ရန်များ၊ ဗီဇာစည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment