ဘားအံမြို့၊ ကမ်းနားလမ်းရှိ စနေနေ့ အခွန်လွတ်ဈေးနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများဈေးတွင် သက်သာသောနှုန်းထားဖြင့် စားသုံးသူများလက်ဝယ်တိုက်ရိုက် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၊ ကမ်းနားလမ်းရှိ စနေနေ့ အခွန်လွတ်ဈေးနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများဈေးတွင် သက်သာသောနှုန်းထားဖြင့် စားသုံးသူများလက်ဝယ်တိုက်ရိုက် ရောင်းချပေးလျက်ရှိ


MNP ၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းရှိ စနေနေ့ အခွန်လွတ်ဈေးနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ ဈေးတွင်သက်သာသောနှုန်းထားဖြင့် စားသုံးသူများလက်ဝယ်တိုက်ရိုက် ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါဈေးတွင် အာဟာရပြည့်ဝလတ်ဆက်သည့် ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ဘဲဥ၊ ကြက်ဥအစရှိသော အသား၊ ငါးနှင့်ဥအမျိုးမျိုး၊ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ မြေပဲဆီသန့်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှရောင်းချပေးသော ဆန်များကို ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အရည်အသွေးပြည့်ဝ၍ ဘေးဥပါဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံတိုက်ရိုက်ရောင်းချပေးခြင်းဖြစ်သည့်အတွက်  ကုန်ဈေးနှုန်းတည်ငြိမ်၍ လျော့နည်းကျဆင်းစေကာ ဒေသခံစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက်ပါအကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)နှင့် အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဦးစီး၍ အမှတ်(၂)တပ်မတော် ဆေးရုံတပ်မှူးနှင့်တပ်မတော်သားဆရာဝန်၊ ဆေးမှူး၊ သူနာပြုနှင့် အကူဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်တပ်ရင်း တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ဆေးရုံအတွင်း၊ အပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးတူးဖော်ရှင်းလင်းခြင်းတို့ကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးအခြေခံပညာအထက်တန်းကျောင်း၊ မဲဘောင်အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပညာရေးဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍  ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့်စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်းအစရှိသော စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများပြည့်စုံလုံလောက်မှုရှိစေရေး၊ မုန့်ဈေးတန်းများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများပြည့်စုံလုံလောက်မှုရှိစေရေး၊ တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)