MNP ၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မိခင်နှင့်ကလေကျန်းမာရေးဌာနမှ မျက်မှေးရောင်ရောဂါ (သို့) မျက်စိနာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်သီကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် (၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဒေါ်ကြည်ကြည်ဆွေက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လတ်တလောဖြစ်ပွားနေသော မျက်မှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ရောဂါဖြစ်ပွားလျှင် (၅)ရက်မှ(၇)ရက်ခန့်အထိ ကြာမြင့်တတ်ကြောင်း၊ ရောဂါဖြစ်သူ၏ အသုံးအဆောင်များကိုင်တွယ်အသုံးပြုခြင်းနှင့် နီးကပ်စွာ အတူနေထိုင်ခြင်းများဖြင့် ရောဂါကူးစက်နိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့် မျက်မှေးရောင်ရောဂါမပြန့်ပွားစေရန်အတွက် လိုက်နာရမည့်အချက်များစသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရန် အသေးစိတ်အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးမှူးဒေါ်ကြည်ကြည်ဆွေက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment