MNP ၊ အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသီးနှံတွင် ကျရောက်ပျက် စီးတတ်သော ဖျက်ပိုးများကာကွယ်နှိမ်နင်းနည်းတောင်သူ ပညာပေးသင်တန်းနှင့် စူပါအီးအမ်ဘိုကာရှီ ပြုလုပ်နည်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေး ရွာအုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာ အုပ်စု(၄) အုပ်စု မှတောင်သူများ တက်ရောက်ကြခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့်တောင်သူများနှင့် ဌာနဆိုင်ရာများအကြားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပြီး တောင်သူများမိုးစပါးစိုက်ပျိုး ထုတ်လုပ်ရာ၌ ဖျက်ပိုးအန္တရာယ်များကြောင့် သီးနှံများ အထွက်နှုန်းမကျဆင်းစေရေးအတွက်စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် နည်းပညာရပ်များအား တောင်သူများလိုက်နာကျင့်သုံးလာစေရန်လို အပ်ပါကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းအေးခိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးရာတွင် ယခုနှစ် မိုးစပါးရာသီတွင် မိမိတို့မြို့နယ်၌ သီးနှံဖျက်ပိုးကြောင့် သီးနှံများပျက်စီးဆုံး ရှုံးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရမည့်နည်းစနစ်များအား တောင်သူများထံသို့ လာရောက်ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပါကြောင်းနှင့်ဌာနနှင့်တောင်သူများကြား ရင်းနှီးထိတွေ့မှုပိုမိုရရှိစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုမြို့နယ်လက်ထောက်ဦးစီးမှူး ဦးကျော်မိုးအောင်မှ စပါးသီးနှံတွင်ဖျက်စီးတတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းရမည့်နည်းစနစ်များအား Power point ဖြင့်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အဆိုပါ သင်တန်းသို့ တက်ရောက်လာသော တောင်သူများအား ဓါတ်မြေဩဇာလျော့နည်းသုံးစွဲရေးနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေးအတွက် စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်းသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment