တရုတ်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကုလသမဂ္ဂမှတဆင့် ပံ့ပိုးပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကုလသမဂ္ဂမှတဆင့် ပံ့ပိုးပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော


ဘေဂျင်း ၊ အောက်တိုဘာ ၁၃

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဘေဂျင်းက ဆက်လက်ပေးအပ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပေကျင်းမြို့၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Josep Borrell နှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“တရုတ်က သက်ဆိုင်ရာတာဝန်ရှိသူများ အစ္စရေးနဲ့ ပါလက်စတိုင်းနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ဆက်လက်ရပ်တည်မည်ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် ညှိနှိုင်းမှုတွေမှာ တက်ကြွစွာ ပါဝင်သွားမှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ က ပြောကြားခဲ့သည်။ ဂါဇာကမ်းမြှောင်နှင့် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့အား ကုလသမဂ္ဂ လမ်းကြောင်းများမှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများ ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အရှေ့အလယ်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ သိသိသာသာ ဆိုးရွားလာနေချိန်တွင် အရပ်သားများ အများအပြား သေဆုံးစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “အရပ်သားတွေကို ထိခိုက်စေတဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်မှန်သမျှကို တရုတ်နိုင်ငံက ရှုတ်ချပါတယ်” ဟု ဝမ်ရီ က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းပြဿနာအတွက် အခြေခံဖြေရှင်းချက်မှာ ၁၉၆၇ ခုနှစ် အရှေ့ဂျေရုဆလင်နယ်နိမိတ်အတွင်း အချုပ်အခြာအာဏာ အပြည့်အဝခံစားနိုင်သော လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးဖြစ်ကြောင်း တရုတ်သမ္မတ က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွများက အစ္စရေးပိုင်နက်ကို တိုက်ခိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အနောက်ဘက်ကမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်း ၁,၅၀၀ ကျော် သေဆုံးပြီး ၇,၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးမှာ အနည်းဆုံး လူ ၁၅၀၀ လောက် အသက်ဆုံးရှုံးပြီး ၄၀၀၀ နီးပါး ဒဏ်ရာရခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)