ဝမ်ရိနှင့် ဘရာဇီး အဆင့်မြင့်အရာရှိတို့ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်ရိနှင့် ဘရာဇီး အဆင့်မြင့်အရာရှိတို့ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး



ပေကျင်း၊ အောက်တိုဘာ ၁၄

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်ရိသည် ဘရာဇီးနိုင်ငံ သမ္မတ အကြံပေး အကြီးအကဲ Celso Luiz Nunes Amorim နှင့် အောက်တိုဘာ ၁၂ ရက်က တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ရာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် အဓိက ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ထွန်းသစ်စနိုင်ငံများ ဖြစ်ကြသလို ဘုံဆက်စပ်သော ဗျူဟာမြောက်အရေးကိစ္စရပ်များအပေါ် ဆက်သွယ်မှုနှင့် ညှိနှိုင်းမှုကို ထိန်းထားလျက်ရှိကြောင်း ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ပြောခဲ့သည်။

ထို့ပြင် ၎င်းတို့သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းနှင့် အစ္စရေးကြား တင်းမာမှုအရှိန်မြင့်တက်လာခြင်းနှင့် အရပ်သား အများအပြား သေဆုံးမှုများကို လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း၊ အရပ်သားများအပေါ် ထိခိုက်စေသည့် အပြုအမူများကို ကန့်ကွက်သလို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကိုလည်း ရှုတ်ချကြောင်း ဝမ်က ဆိုသည်။

ဒေသတွင်း တင်းမာမှုများကို ထိန်းသိမ်းရေးနှင့် အရှိန်လျှော့ချရေးကို ဖြစ်နိုင်သမျှ လုပ်ဆောင်ရန်နှင့် ပဋိပက္ခအား ထပ်မံကြီးထွားစေခြင်းကို ကာကွယ်ရန် ဆက်စပ်သောအဖွဲ့အစည်းများကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ အရပ်သားများ ဘေးကင်းရေးနှင့် ဂါဇာဒေသတွင် ဆိုးဝါးသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်ရန် စင်္ကြံများ ဖွင့်လှစ်ရေးတို့မှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂသည် ပါလက်စတိုင်းအရေးတွင် ၎င်း၏ အခန်းကဏ္ဍဖြင့် ပါဝင်ရန် တာဝန်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဆိုင်ရာ အရေးပေါ်အစည်းအဝေး ကျင်းပရန် လုံခြုံရေးကောင်စီကို ထောက်ခံကြောင်း၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များအပေါ် အာရုံစိုက်ထားရန် သဘောတူကြောင်း၊ အပစ်အခတ်ရပ်စဲရေး၊ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ အရပ်သားများကို ကာကွယ်ပေးရေးနှင့် နိုင်ငံတကာသဘောတူညီချက်များ ဖော်ဆောင်ရေးများဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုများ အတွက် ရှင်းရှင်းလင်းလင်း တောင်းဆိုကြောင်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံ၊ ဆက်စပ်အဖွဲ့အစည်းများနှင့်အတူ ဆက်သွယ်ရေး၊ ညှိနှိုင်းဆောင်ရွက်ရေးနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ထိန်းသိမ်းရန် ဆန္ဒရှိကြောင်းလည်း ဝမ်က အလေးထားပြောခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)