ဥတ္တရသီရိမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်


MNP ၊ အောက်တိုဘာ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့က ဥတ္တရသီရိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မိုးစွေကျေးရွာအုပ်စု၊ ဘုရားတောင်ကျေးရွာအုပ်စု၊ တက်ရှိန်းကျေးရွာအုပ်စုနှင့် သရက်တောကျေးရွာအုပ်စုတို့မှ အုပ်ချုပ် ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြန်မာအီလက် ထရောနစ်မဲပေးစက် အသုံးပြု၍ စမ်းသပ်မဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး မဲရုံအဖွဲ့ဝင် တာဝန်ယူကိုင်တွယ်ဆောင်ရွက်ရသည့် ထိန်းချုပ်စက်ကို မဲဆန္ဒရှင် ပြည်သူများကိုယ်တိုင် ဆောင်ရွက်ခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် မဲရလဒ်စာရင်းများဖော်ပြသည့် စက္ကူဖြတ်ပိုင်းနှင့် မဲပေးချက်ဖော်ပြသည့်စက်တွင် ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများ အရေအတွက် တူညီမှုရှိကြောင်းနှင့် မှန်ကန်မှုရှိကြောင်း တိုက်ဆိုင်စစ်ဆေးခြင်း စသည့်လုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်ကြသည်။

ရှင်းလင်းဆွေးနွေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအစီအစဉ်များသို့ နံနက်ပိုင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင် ပြည်သူ ၂၀၀ ၊ မွန်းလွဲပိုင်းတွင်လည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများ နှင့် မဲဆန္ဒရှင်ပြည်သူ ၂၄၀ တက်ရောက်ခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ ခုမှ မဲဆန္ဒရှင် ပြည်သူ ၁၃၆၀ ကို အီလက်ထရော နစ်မဲပေးစက်အသုံးပြု၍လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)