ဒေသတွင်းနိုင်ငံများနှင့် အဓိကခရီးသွားဈေးကွက်နိုင်ငံများမှ ပြည်ပခရီးသွားများပိုမို ဝင်ရောက်လာရေးအတွက် ဝိုင်းဝန်းကြိုးစား ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတွင်းနိုင်ငံများနှင့် အဓိကခရီးသွားဈေးကွက်နိုင်ငံများမှ ပြည်ပခရီးသွားများပိုမို ဝင်ရောက်လာရေးအတွက် ဝိုင်းဝန်းကြိုးစား ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပြောကြား


 MNP ၊  အောက်တိုဘာ ၆

ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဌ၊ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ကော်မတီဝင် များဖြစ်ကြသော နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကော်မတီဝင် ခရီးသွား လုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များ ပေါကြွယ်ဝသည့်အတွက် ကိုဗစ်-၁၉ မတိုင်မီကာလက ရောက်ရှိခဲ့သည့် ဧည့်သည်ပမာဏအထိ ပြန်လည်ရောက်ရှိအောင် ဝိုင်းဝန်းကြိုးစားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ပြည်ဝင် ဗီဇာဖြေလျှော့မှုများနှင့် ကျန်းမာရေးနှင့် အခြားသော ကန့်သတ်ချက်များကို ဖြေလျှော့ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အစိုးရ-ပုဂ္ဂလိက မိတ်ဖက်ဆောင်ရွက်မှုကို မြှင့်တင်၍ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်သင့်သည်များကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဝန်ဆောင်မှု များတိုးတက်ရေး၊ ခရီးသွားမြှင့်တင်ရေးတို့ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့် အဓိကခရီးသွားဈေးကွက်နိုင်ငံများမှ ပြည်ပခရီးသွားများပိုမို ဝင်ရောက်လာရေးအတွက် ဝိုင်းဝန်းကြိုးစား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာ ကြားချက်များကို အကောင်အထည်ဖော်နိုင်ရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၃) အစည်း အဝေးဆုံးဖြတ်ချက်အများအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အစိုးရ-ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်သော Working Group များ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖော်ထုတ် ဆွေးနွေးချက်များအနက် ဆောင်ရွက်ပေးရန်ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင် များနှင့် ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်း ကိုယ်စားလှယ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးစဉ်ဒေသများ၌ ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်နေမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လာရေးအတွက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးက (၂/၂၀၂၃)ကြိမ်မြောက် ခရီးသွားလုပ်ငန်း ကော်မတီအစည်း အဝေးဆုံးဖြတ်ချက်များကို ဆွေးနွေးတင်ပြကာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)