ကလေးမြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


MNP ၊ အောက်တိုဘာ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ယုဇနလမ်းနေ ခင်မောင်သန်း (ခ)ဘာဘူ ၏နေအိမ်အား အောက်တိုဘာလ ၂ ရက်နေ့ ၁၄ ၁၀ အချိန် ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

ခင်မောင်သန်း (ခ)ဘာဘူနှင့်အတူ ဇော်မင်းထွန်း(ခ)ဇော်ကြီး အားတွေ့ရှိပြီး နေအိမ် အတွင်းမှ ဘိန်းဖြူအလေးချိန် ၅၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၃၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ခင်မောင်သန်း(ခ)ဘာဘူ(၄၂)နှစ် နှင့် ဇော်မင်းထွန်း(ခ)ဇော်ကြီး(၃၃)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)