ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ရေဘေးသင့်ပြည်သူများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာအတွက် ဆန်၊ ဆီနှင့် အထောက်ပံ့ပစ္စည်းများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ရေဘေးသင့်ပြည်သူများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာအတွက် ဆန်၊ ဆီနှင့် အထောက်ပံ့ပစ္စည်းများ လှူဒါန်း




MNP ၊ အောက်တိုဘာ  ၁၈

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဖွဲ့များသည် ယမန်နေ့က ပဲခူးမြို့နယ် အထက်ဇိုင်းဂနိုင်ကြီး ကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ဆန်၊ ဆီနှင့် အခြားအထောက်အပံ့ပစ္စည်းများအား ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ကြသည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာဦးဆောင်သည့် တိုင်း၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များသည် အထက်ဇိုင်းဂနိုင်ကြီး ကျေးရွာအုပ်စုအတွင်းရှိ ကန်တော်ကျေးရွာ၊ ဓမ္မဝိသုဒ္ဓိဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကန်တော်ကျေးရွာအတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးစကားများ ပြောကြားပြီး ကန်တော်ကျေးရွာမှ အိမ်ထောင်စု (၉၈)စုအတွက် ဆန်၊ ဆီနှင့် အခြားအထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးကာ ဓမ္မဝိသုဒ္ဓိကျောင်းတိုက် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့သည် ကျိုက္ကစဥ်ကျေးရွာ ဘေလုံးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဘေလုံးကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများလှူဒါန်းပြီး ကျိုက္ကစဥ်ကျေးရွာမှ ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၃၆)စုဆန်အား ဆန်၊ ဆီနှင့် အခြားအထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ချမ်းမြေ့ဂုဏ်ရည်သီလရှင် စာသင်တိုက်နှင့် စန္ဒရံသီသီလရှင်စာသင်တိုက်များမှ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆန်၊ ဆီနှင့် အခြားထောက်ပံ့ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သပြေကုန်ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ အဘိုး၊ အဘွားများအား အချိုရည်၊ မုန့်မျိုးစုံနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)