MNP ၊ အောက်တိုဘာ ၁၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို သဲကုန်းကျေးရွာသဲရွှေဝါခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ခွေးရူးရောဂါ ကာကွယ်ရေးသိကောင်းစရာများကိုလည်းကောင်း၊ရောဂါကူးစက်နိုင်သည့်နည်းလမ်းများနှင့်ခွေးရူးရောဂါ ကူးစက်ခံရမှုအန္တရာယ်ရှိသောသူများကိုလည်းကောင်း၊ခွေးရူးရောဂါခံစားနေရသည့်ခွေးများကိုခွဲခြားနိုင်သည့်အချက်များကိုလည်းကောင်း၊လူတွင်ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများကိုလည်းကောင်း၊လူတွင် ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများကိုလည်းကောင်း ၊ကာကွယ်ဆေးထိုးရမည့်အခြေအနေများကိုလည်းကောင်း၊ခွေးရူးရောဂါနှင့်ပတ်သတ်၍ သတိပြုလိုက်နာရမည့်အချက်များကိုဟောပြောခဲ့ပြီး ခွေးရူးရောဂါနှင်ပတ်သတ်သည့်လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်းသိရသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်နိုင်နှင့်ဒေါက်တာကျော်ရဲအောင်တို့က ကျေးရွာရှိ အိမ်မွေးတိရစ္ဆာန်များကိုခွေးရူးရောဂါကာကွယ်ဆေးများ နှံပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment