ဗန်ကောက်မြို့၊ ဈေးဝယ်စင်တာအတွင်း ပစ်ခတ်မှုဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားနှင့်စပ်လျဉ်း၍ မြန်မာသံရုံးမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်ကောက်မြို့၊ ဈေးဝယ်စင်တာအတွင်း ပစ်ခတ်မှုဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားနှင့်စပ်လျဉ်း၍ မြန်မာသံရုံးမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိ



MNP ၊ အောက်တိုဘာ ၄

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Siam Paragon Shopping Mall တွင် ၃-၁၀-၂၀၂၃ ရက်၌ ဖြစ်ပွားခဲ့သည့် သေနတ်သမားတစ်ဦးက ဈေးဝယ်စင်တာအတွင်း လိုက်လံပစ်ခတ်ခဲ့မှုဖြစ်စဉ်ကြောင့် Take Toys Co., Ltd. တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ဒေါ်မိုးမြင့်၊ အသက်(၃၁)နှစ်၊ သထုံမြို့ ဇာတိဖြစ်သူသည် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံအရောက်၌ ဆုံးပါးခဲ့သည်။ 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဗန်ကောက်မြို့၊ မြန်မာသံရုံးမှ သံအမတ်နှင့် အလုပ်သမား သံအရာရှိတို့က ၄-၁၀-၂၀၂၃ ရက်တွင် Pathuwan နယ်မြေရဲစခန်းမှ ဒုတိယရဲမှူးကြီးနှင့် ယင်းသေဆုံးသူ မြန်မာနိုင်ငံသား၏ အလုပ်ရှင်တို့ထံသို့ သွားရောက်တွေ့ဆုံ၍ နာရေးကိစ္စနှင့် ကရုဏာကြေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာသံရုံးအနေဖြင့် သထုံမြို့၌ နေထိုင်သည့် သေဆုံးသူ၏ မိခင်ထံသို့လည်း ဆက်သွယ်ဆောင်ရွက်လျက် ကျန်ရစ်သူမိသားစုဝင်များ၏ ဆန္ဒအရ သေဆုံးသူ ဒေါ်မိုးမြင့်အား ၈-၁၀-၂၀၂၃ ရက်တွင် Changwattana ဘုန်းကြီးကျောင်း၌ ကောင်းမွန်စွာ မီးသင်္ဂြိုလ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗန်ကောက်မြို့၊ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါင်းလျက် လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အုပ်စုကို အစိုးရအဖြစ် ဖန်တီးရေးသားဖော်ပြနေသည့် ပြည်ဖျက်မီဒီယာအုပ်စုမှ ဗြိတိန်အခြေစိုက် ဘီဘီစီ သတင်းဌာနက "ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆီရမ်ပါရာဂွန် ဈေးဝယ်ကုန်တိုက်မှာ မနေ့ညနေ ထိုင်းစံတော်ချိန် ငါးနာရီကျော်မှာဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူအမျိုးသမီးနှစ်ဉီးအနက် တစ်ဦးမှာ မြန်မာနိုင်ငံသားဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့နဲ့ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ထံက သတင်းထုတ်ပြန်ပေးဖို့ရှိပါသလား။ သေဆုံးသူမြန်မာအမျိုးသမီးနဲ့ပတ်သက်လို့ သက်ဆိုင်ရာမြန်မာသံရုံးက ဆောင်ရွက်မှုတွေရှိနေပါသလား။ ထိုင်းနိုင်ငံအစိုးရနဲ့ မြန်မာအစိုးရတို့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူအမျိုးသမီးအတွက် အစိုးရချင်းချိတ်ဆက်ဆောင်ရွက်မှုတွေရှိပါသလား။" ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသည်ကို တွေ့ရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ အလှူခံ၍ တိုင်းပြည်တွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့မှာ ပြည်သူများ အတိဒုက္ခရောက်သည့်အခါ ကူညီဆောင်ရွက်ပေးနိုင်သူများ မဟုတ်ကြောင်း NUG အကြမ်းဖက်အဖွဲ့ကို အစိုးရအဖြစ် အသိအမှတ်ပြုရေးသား နေသည့် ပြည်ဖျက်မီဒီယာများ က ပြသနေခြင်းပင် ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)