မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

 



MNP ၊ အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မြို့နယ်ပညာ‌ရေးဌာနမှကြီးမှူး၍ ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်) စာသင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို မိုင်းခတ်မြို့ အခြေခံပညာအထက်တန်းဆင့် ကျောင်းသားကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး က ဖတ်ကြားခဲ့သည်။


ဆက်လက်၍ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူများက ဆရာ့ဂုဏ်ဖော်ကျူးသော တေးသီချင်းဖြင့် သီဆိုကြကာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ကန်တော့ခံအငြိမ်းစားဆရာမကြီး(၂)ဦးအား ဝတ္ထုငွေနှင့်ပစ္စည်းများ ကန်တော့ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)