မြောက်ပိုင်းမဟာမိတ် အကြမ်းဖက်သောင်းကျန်းသူများအား အသေဖမ်ဆီးရမိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ပိုင်းမဟာမိတ် အကြမ်းဖက်သောင်းကျန်းသူများအား အသေဖမ်ဆီးရမိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ








MNP ၊ အောက်တိုဘာ ၂၉

ရှမ်းပြည်မြောက်ပိုင်းတွင် မဟာမိတ် ၃ဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာခြင်းကြောင့် တပ်မတော်မှ နှိမ်နင်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ် အကြမ်းဖက်သောင်းကျန်းသူများသည် ၂၇-၁၀-၂၀၂၃ ရက်နေ့ က စတင်၍ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ပြီး တပ်မတော်က စဉ်ဆက်မပြတ် နှိမ်နင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိရာ ယနေ့ ထွက်ပေါ်လာသော သတင်းများအရ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များကို အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အမြောက်အများကို ပြန်လည်သိမ်းဆည်းရရှိထားကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ဟိုပန်၊ လားရှိုး၊ နောင်ချိုမြို့နယ်များတွင် အကြမ်းဖက်နှိမ်နင်းရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ် အကြမ်းဖက်သောင်းကျန်းသူများမှာ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရပြီး အပြစ်မဲ့ ပြည်သူများကိုလည်း သတ်ဖြတ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)