MNP ၊ အောက်တိုဘာ ၁၀
ပါလက်စတိုင်းနှင့် ပဋိပက္ခတွင် အစ္စရေးလ် ၉၀၀ ကျော် သေဆုံးပြီး ၂,၆၁၆ ဦး ဒဏ်ရာရရှိခဲ့ခြင်းသည် ပါလက်စတိုင်း ဟားမတ်စ်များ၏ အစွန်းရောက် လှုပ်ရှား တိုက်ခိုက်မှု ရလဒ်ကြောင့်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IFD) က သတင်းထုတ်ပြန်ခဲ့သည်။
လူမှုကွန်ရက် X တွင် စစ်တပ်မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်တစ်ခုအရ အစ္စရေးတွင် ဂါဇာကမ်းမြှောင်မှ ဒုံးကျည် ၄,၅၀၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ တစ်ဖန် အစ္စရေးစစ်တပ်သည် ဟားမတ်စ်နှင့် ဆက်နွယ်နေသည့် ပစ်မှတ် ၁၂၉၀ ကို ထိမှန်ခဲ့သည်။
အစ္စရေးနိုင်ငံကို ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အနည်းဆုံး အသေအပျောက် ၂၇၄၁ ဦး ရှိတယ်လို့ အစ္စရေး ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
“လောလောဆယ်မှာ ဆေးရုံကို ပို့ရတဲ့ ဒဏ်ရာရသူ အရေအတွက် ၂၇၄၁ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲက ၃၆၃ ဦးကတော့ အခြေအနေ စိုးရိမ်ရပါတယ်” ဟု ဝန်ကြီးဌာနက ၎င်း၏ တရားဝင် Telegram ချန်နယ်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးသည် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ တစ်ချိန်တည်းတွင် ဟားမတ်စ် စစ်သွေးကြွအဖွဲ့ အများအပြားသည် အစ္စရေးဘက်သို့ စိမ့်ဝင်ကာ အစ္စရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန IDF သည် စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ကြေညာပြီး သံမဏိဓားများစစ်ဆင်ရေး ဟုခေါ်သော လက်တုံ့ပြန်သည့် လုပ်ရပ်များကို စတင်ခဲ့သည်။ ဟားမတ်စ် ပေါ်လစ်ဗျူရို အကြီးအကဲ Ismail Haniyeh က ပါလက်စတိုင်း စစ်ဆင်ရေးသည် ဂျေရုဆလင်မြို့ဟောင်းရှိ Al-Aqsa ဗလီကို ဆန့်ကျင်သည့် အစ္စရေး အာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment