သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ ချေးငွေထုတ်ပေးရေးအတွက် စိုက်ဘဏ်အကြံပေးအဖွဲ့ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ ချေးငွေထုတ်ပေးရေးအတွက် စိုက်ဘဏ်အကြံပေးအဖွဲ့ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ





MNP ၊ အောက်တိုဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ ချေးငွေထုတ်ပေးရေးအတွက် စိုက်ဘဏ်အကြံပေးအဖွဲ့ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့ကြသည်။


မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် ချေးငွေအကြံပေး ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံချေးငွေ အချိန်မှီ ထုတ်ချေးပေးနိုင်ရေး ချေးငွေအကြံပြုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းခြင်း ဖြစ်ကြောင်းနှင့် ငွေထုတ်ချေးမည့် စည်းကမ်း၊ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မြင့်မြင့်သန်းက ရရှိသောရန်ပုံငွေဖြင့် အစောဆုံး ပြောကြားသည့် တောင်သူများကို ထုတ်ချေးသွားမည် ဖြစ်ပါကြောင်း၊၂၀၁၄ ဆောင်းမှ ၂၀၂၂ မိုးအထိ NPL ဖြစ်ပေါ်နေသော ချေးငွေကျန်များကိုလည်း အမြန်ဆုံး ပြေကြေအောင် ဝိုင်းဝန်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာနမှလည်း တောင်သူများ၏ ပုံစံ(၇)ရောင်း၊ ဝယ်၊ ပေါင်၊ ငှားနှင့် ပြင်ရာဖျက်ရာများကို ပုံစံ(၅)ဖြင့် တိုက်ဆိုင်စစ်ဆေး၍ ပုံစံ(၇)အမည်ပေါက်နှင့် ငွေထုတ်ချေးသူ အမည်မတူညီပါက အိမ်ထောင်တစ်စုထဲတွင် ရှိလျှင် ထောက်ခံပေးမည် ဖြစ်ပါကြောင်းနှင့် အကြံပေးအဖွဲ့များမှ လိုအပ်သည်များ ဝိုင်းဝန်း အကြံပြု ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)