ဆီဆိုင်မြို့နယ် လွယ်တော်ကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့နယ် လွယ်တော်ကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းအခမ်းအနား ကျင်းပ


MNP ၊ အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်တော်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ပြီးဖြစ်သော 11 KV လိုင်း(၁.၂)မိုင်နှင့် 200KVA ထရန်စဖော်မာ (၁)လုံးတို့အား ယမန်နေ့ ညနေ ၅ နာရီက ဓာတ်အားချိတ်ဆက်ဆောင်ရွက်ပေးခြင်းအခမ်းအနားကို အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများက ထရန်စဖော်မာအား လျှပ်စစ်ဓာတ်အားဖွင့်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် မြို့နယ်ရပ်မိရပ်ဖ ဦးခွန်မောင်ပယ်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုဦးက လျှပ်စစ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်နှင့် ဘေးအန္တရာယ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လွယ်တော်ကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်ဓါတ်အား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ ကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်တော်ကျေးရွာတွင် အိမ်ခြေ(၁၈၇)နှင့် အိမ်ထောင်စု (၁၉၈)စု၊ လူဦးရေ(၉၅၈)ဦးရှိပြီး ယခုတွင် လျှပ်စစ်မီးရရှိလာပြီဖြစ်၍ ထင်းများကို လျှော့ချနိုင်တော့မည်ဖြစ်ကြောင်း၊ ထင်းများလျှော့ချနိုင်လျှင် သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။


မျိုးမြတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)