MNP ၊ အောက်တိုဘာ ၁၈
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရန် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာနိုင်ငံသည် ပထဝီ တည်နေရာအနေအထားအရ ရာသီဥတုနှင့် ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်အများဆုံး ဖြစ်ပေါ် ခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ နွေမိုးဆောင်းဥတု (၃) ပါးအနက် မိုးရောသီ ကာလသည် သဘာဝဘေးပိုမိုဖြစ်ပွားလေ့ရှိပါကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် တာဆီး၍မရနိုင် သော်လည်း ဘေးအန္တရာယ် သက်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန် ကြိုတင် ပြင်ဆင်ရေးနည်းလမ်းများဖြင့် စီမံဆောင်ရွက်ရပါကြောင်း၊ ချင်းပြည်နယ် အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့်နှင့်အညီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ဆပ်ကော်မတီများနှင့် လုပ်ငန်းတာဝန်များသတ်မှတ်ကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေး ဆောင်ပုဒ်ဖြစ်သည့် “ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့”(Fighting Inequality for A Resilient Future) ဆောင်ပုဒ်နှင့်အညီ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာစေရန်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံး၏ စုပေါင်းစွမ်းအားဖြင့် မြှင့်တင်ဆောင်ရွက်ဖြေရှင်း ကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ရေးနေ့အထိမ်းအမှတ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ သတင်း စကားသံ (Video Message) ပြသသည်။
ယင်းနောက် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချ ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် မနူနှီယာန်ဘိခ့်၊ မောင်တလွန်ကျဲအိုဆန်နှင့် မဟုန်းလောလိုင်းတို့အား ပြည်နယ် ဝန်ကြီးချုပ် ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မမန်ချင်းတီလာလ်၊ မမာရ်စီတွန်ဇီးနှင့် မဒိုင်နာဒါရ်လှေပါရ်တို့က ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း အသီးသီးပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment