MNP ၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှကြီးမှူး၍ ကျောင်းသား၊ကျောင်းသူလူငယ်များအသိပညာမြင့်မားရေးအတွက်လူငယ်ရေးရာအသိပညာပေးစာအုပ်စာစောင်ပြပွဲ လူကုန်ကူးမှူတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့့နံနက်(၁၁း၃၀)နာရီအချိန်က အမက(မူလွန်)ဇီးဖြူကုန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ငပလီမြို့ရုံး မှ မြို့ဦးစီးမှူးဒေါ်မြင့်မြင့်အေးကကျောင်းသား လူငယ်များစာဖတ်သည့်အလေ့ထကောင်းရရှိစေရန်ရည်ရွယ်ဲ၍စာအုပ်စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲကိုကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ အမက(မူလွန်)ဇီးဖြူကုန်းကျောင်းမှ ဆရာဆရာမနှင့်ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ခဲ့ ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment