ပုပ္ပားတောင်ကလပ် ဘိုးတော်ဂူအနီးရှိ ကိုးတောင်ပြည့် ပြည်တော်အေးစေတီ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ငွေကျပ်သိန်း ၃၁၀ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုပ္ပားတောင်ကလပ် ဘိုးတော်ဂူအနီးရှိ ကိုးတောင်ပြည့် ပြည်တော်အေးစေတီ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ငွေကျပ်သိန်း ၃၁၀ လှူဒါန်း



MNP ၊ အောက်တိုဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်ဂူအနီးရှိ ကိုးတောင်ပြည့်  ပြည်တော်အေးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန်အတွက်၊ အလှူငွေကျပ် သိန်း ၃၁၀ ပေးအပ်လှူဒါန်းပွဲကို၊ အောက်တိုဘာ ၁၈ ရက်နေ့နံနက် ၁၀ နာရီက ညောင်ပင်ဆိပ်အတက်လမ်း ရွှေမန်ကျီးတောရိပ်သာ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။


အလှူငွေပေးအပ်လှူဒါန်းပွဲသို့ ကျောက်ပန်းတောင်းမြို့ ဥသျှစ်ကုန်းဆရာတော် ဘဒ္ဒန္တသူရိယ အမှူးပြုသည့်  သံဃာတော် အရှင်သူမြတ် ၉ ပါး ကြွရောက်တော်မူကြပြီး၊ အလှူရှင်မိသားစု၊ ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့နှင့်ဝန်ထမ်းများ၊ ဌာနတာဝန်ခံများက ဥသျှစ်ကုန်းကျောင်း ဆရာတော်ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလ ဆောက်တည်ကြပြီး၊ လှူဘွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ အလှူရှင် ဒေါ်စောနန်းဧကရီက အဘဘိုးတော် အောင်မင်းခေါင်အား အမှူးထား၍ ပြည်တော်အေးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော် နိုင်ရန်အတွက် ငွေကျပ် သိန်း ၃၁၀ ပေးအပ်လှူဒါန်းရာ၊ တောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ဥသျှစ်ကုန်း ဆရာတော်ဘဒ္ဒန္တသူရိယ ဟောကြားသည့် အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


အဆိုပါ ပြည်တော်အေး ကိုးတောင်ပြည့်စေတီမှာ တောင်ကလပ်အထက် ဘိုးတော်ဂူအနီးတွင်တည်ရှိသည့် စေတီဖြစ်ကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့ ပုပ္ပား/ရွှေမန်ကျီးတောရိပ်သာနေ ဒေါ်စောနန်းနွယ်နှင့် ဆွေတော်၊ မျိုးတော်များက ဘိုးတော်အောင်မင်းခေါင်အား အမှူးထား၍ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းဖြစ်ကြောင်းသိရပြီး၊ ရွှေသင်္ကန်း ကပ်လှူခြင်းလုပ်ငန်းကို တောင်ကလပ်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဦးဆောင်မှုဖြင့် (၂၁-၁၀-၂၀၂၃) ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ငြမ်းစင်ခြင်း၊ စစ်စေးသုပ်ခြင်း၊ အခြောက်ခံခြင်းနှင့် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းများကို ခန့်မှန်းရက်(၄၀)ခန့် အချိန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကလပ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။


နေအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)