လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ထူးချွန်သော ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ထူးချွန်သော ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 





MNP ၊ အောက်တိုဘာ  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်း၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ သဘာပတိအဖြစ် ရှင်အ‌န္ဒြေအသင်းတော်မှ ဘုန်းတော်ကြီး ဦးစောဆန်းဒေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ဇင်က မိမိမြို့နယ်၊ မိမိကျေးရွာဒေသများတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာပြီး နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများ၊ ရပ်ရွာအတွက် အကျိုးပြုလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရန် ပညာရေးသည် လူတိုင်းအတွက်တတ်မြောက်ရန် အရေးကြီးပြီး ပညာတတ်များ ပေါများလာမှသာလျှင် မိမိတို့ရပ်ရွာဒေသနှင့် နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ကျေးရွာအတွက် ပညာကိုကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ကွမ်ဘီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောကျော်လင်းက မိမိကျေးရွာတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ပညာရေးကို ကြိုးစားသင်ယူစိတ်ရှိလာစေရန်အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက ပညာသင်ကြားနေမှု၊ ကျောင်းသား၊ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်လာမှု၊ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားဆောင်ရွက်နေမှုနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးတပ်ဖွဲ့ဝင် မိသားစု များမှ လှူဒါန်းငွေ ကျပ် (၃၄၃)သိန်း၊ ကျောင်းသားမိဘများမှ လှူဒါန်းငွေ ကျပ်(၄၄)သိန်းဖြင့် ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၂)ဦးအား ပထမဆုရ ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် (၁)သိန်းကျပ်၊ ဒုတိယဆုရ ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင်(၇)သောင်းကျပ်၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင်(၅)သောင်းကျပ်နှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးတစ်ဘာသာလျှင် (၅)သိန်းကျပ်ဖြင့် ဆုများပေးအပ်ချီးမြင့်ခဲ့ပြီး ဆရာ/ဆရာများအား ဂုဏ်ပြုလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)