တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ်၊ အာယုဒါန ဆေးရုံတော်၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် မျက်စိ ဝေဒနာရှင်များအား အလှူငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ်၊ အာယုဒါန ဆေးရုံတော်၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် မျက်စိ ဝေဒနာရှင်များအား အလှူငွေပေးအပ်


MNP ၊ အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ်၊ အာယုဒါနဆေးရုံတော်၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိ သော သံဃာတော်များနှင့် မျက်စိဝေဒနာရှင်များအား အလှူငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် သီတဂူကေတုမတီဝိပဿနာဓမ္မရိပ်သာရှိ ပဋိသောတဂါမိနိ ဓမ္မဗိမာန် တော်၌ ပြုလုပ်ရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ တိက္ခသာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီဗုဒ္ဓ တက္ကသိုလ် ကျောင်းအုပ်ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မျက်စိ ဝေဒနာရှင်များအတွက် အလှူငွေ ကျပ်သိန်း ၂၂၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး ရေစက် သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၊ အာယုဒါနဆေးရုံတော်သည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဉက္ကဋ္ဌ ရွှေကျင် သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ တည်ထောင် တော်မူသည့် ဆေးရုံတော် ၄၃ ခုအနက် ၃၇ ခုမြောက်ဆေးရုံတော်ဖြစ်ပြီး မျက်စိဝေဒနာ ရှင်များအား အောက်တိုဘာလ ၂ ရက်မှ ၁၀ ရက်အထိ တစ်နေ့လျှင် ၂၀၀ ဦးခန့်ဖြင့် မျက်စိ အထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များခြစ်ထုတ်ခြင်းနှင့် မျက်လုံးအစား ထိုး ကုသခြင်းများကို ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)