ရ‌သေ့တောင်မြို့ ချောင်းဝရပ်ကွက် မင်းကန်သောက်ရေကန်အား စုပေါင်းသန့် ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရ‌သေ့တောင်မြို့ ချောင်းဝရပ်ကွက် မင်းကန်သောက်ရေကန်အား စုပေါင်းသန့် ရှင်းရေးဆောင်ရွက်





MNP ၊ အောက်တိုဘာ  ၇

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ မြို့ရွာများသန့်ရှင်းသာယာလှပရေးအတွက် ချောင်းဝရပ်ကွက်ရှိ မင်းကန်သောက်ရေကန်အား သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက် (၇) နာရီအချိန်တွင် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းကုသိုလ်ယူ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။  


အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်း​များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ သောက်ရေကန်ဘေးပတ်လည်တွင်ရှိသော ခြုံနွယ်၊ပေါင်းပင်၊မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်ကောက်ခြင်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေး အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသောနေရာ၌ စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။      


https://t.me/MyanmarNationalPost                



                                                                 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)