ရသေ့တောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ




MNP ၊ အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရ‌သေ့တောင်မြို့၊တောင်ရင်းတန်းရပ်ကွက်၊စေတီတောင်အရှေ့ယာယီခိုလှုံရာစခန်းသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း  သိရသည်။


    ထို့သို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဟိန်းနှင့်ဝန်ထမ်းများက  စေတီတောင်အရှေ့ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများကို ယာ

ယီနေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေး ၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့နှင့်အတူ အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများ မိမိနေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း စသည့်တို့ကို ပြောကြားပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)