တာမွေမြို့နယ်တွင် ကမ္ဘာ့မျက်မမြင်ပ‌ပျောက်ရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ကမ္ဘာ့မျက်မမြင်ပ‌ပျောက်ရေးနေ့ အခမ်းအနားကျင်းပ










MNP ၊ အောက်တိုဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မျက်စိရောဂါအထူးကုဆေးရုံကြီးရှိ အမျိုးသား မျက်စိဘဏ်(ရန်ကုန်)၌ ယနေ့နံနက်(၉)နာရီအချိန်က ကမ္ဘာ့မျက်မမြင်ပ‌ပျောက်ရေးနေ့ (World Sight Day) အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှသိန်း၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နန်းလုံမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ဌာနမှူး(တာဝန်) ဒေါက်တာခင်ဥမ္မာခိုင်က ကမ္ဘာ့မျက်မမြင်ပ‌ပျောက် ရေးနေ့ (World Sight Day)နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ မျက်စိရောဂါ အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများသည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပြီး ကထိက ဒေါက်တာမိုးစံ မှ "Trauma related eyelid and orbit injuries" အကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကထိက ဒေါက်တာအိန္ဒာအေးဝင်း မှ "Cornea Injuries" အကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကထိက ဒေါက်တာမေဇွန်အောင်ဝင်းမှ "Digital Eye Strain" အကြောင်းနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြကြောင်းနှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူများအနေဖြင့် မျက်စိသည် လူသားတို့အတွက် များစွာအရေးကြီးပုံကို သတိပြုမိလာစေရန်အတွက် အဆိုပါ ကမ္ဘာ့မျက်မမြင်ပ‌ပျောက်ရေးနေ့ (World Sight Day) အခမ်းအနားများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




















No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)