MNP ၊ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်မြှင့်မားရေးအတွက် အင်္ဂလိပ်စာ စာစီစာကုံး စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ Grade -5၊ Grade -6၊ Grade -7၊ Grade -8 နှင့် Grade -9 မှ ကျောင်းသားကျောင်းသူများက အတန်းအလိုက် အင်္ဂလိပ်စာ စာစီစာကုံးများကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ထို့အပြင် အဆိုပါအတန်းရှိ ကျောင်းသား၊ ကျောင်းသူများက သင်္ချာစွမ်းရည်ပြိုင်ပွဲများကိုလည်း ဆက်လက်ဝင်ရောက် ဖြေဆိုသွားမည်လည်းဖြစ်သည်။ “ယခုလို အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်းကြောင့် ရှမ်းပြည်နယ်အတွင်း ကျင်းပသော ပြိုင်ပွဲများတွင် မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်လည်း အောင်ချက်မြင့်မားရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း” ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်ထံမှ သိရသည်။
စောဥမ္မာ
https://t.me/MyanmarNationalPost
No comments:
Post a Comment